Learning Javascript : Variables Scope

ကျွန်တော် JavaScritp ကို စလေ့လာတုန်းက variable scope နဲ့ data type နဲ့ ပတ်သက်တဲ့ အခန်းတွေကို ကျော်ဖတ်ခဲ့တယ်။ နော်ကမှ သေချာ သိတာက Variable scope က ကျွန်တော်တိုံ ပုံမှန်လေ့လာနေကျ OOP language တွေ အထူးသဖြင့် Java, C# တို့နဲ့ မတူဘူးဆိုတာပါ။ Javascript မှာ block-level scope မရှိဘူး။ Java, C# တို့နဲ့ မတူတာက သူ့မှာ global scope concept ရှိတယ်။  var keyword မပါတဲ့ variable တွေက global scope ထဲ ပါသွားတာပါ။


var name="foo";

function sayName(){
     var name="boo"
     console.log(name);
}

sayName();
console.log(name);

boo
foo

ဒါကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ၊ function sayName() ထဲမှာ ရျိတဲ့ local variable name က global variable name ကို hide လုပ်သွားတာပါ။ သူတို့ နှစ်ခုက မတူညီတဲ့ variable နှစ်ခုပါ။ local variable name ကို function အပြင်ဘက်ကနေ access လုပ်လို့မရပါဘူး။


var name="foo";

function sayName(){
name="boo";
console.log(name);
}

sayName();
console.log(name);


boo

boo

အပေါ်က script က function sayName() ထဲက name က global scope ထဲက name ပါ။ override လုပ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် output အနေနဲ့ တူညီတဲ့ result ကိုပဲ မြင်နေရတာပါ။


var name="foo";

function sayName(){
name="boo";
age=25;
console.log(name);
}

sayName();
console.log(age);

Output

boo
25

Continue reading

Installing zawgyi keyboard in Ubuntu 13.04

Ubuntu 13.04 မှာ မြန်မာ ယူနီကုဒ် ကို suppor ပေးထားပါတယ်။ ဒါပေမယ့် မြန်မာ netizens တွေ အများစုက ဇော်ဂျီနဲ့ပဲ မြန်မာစာ ကို အွန်လိုင်းပေါ်မှာ ရေးလေ့ရှိကြပါတယ်။ယူနီကုဒ်ကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးခင် အွန်လိုင်းမှာ သူရေးတာ ကိုယ်မြင်ရဖို့ ကိုယ်ရေးတာ သူမြင်ရဖို့ ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်က မဖြစ်မနေ သွင်းထားဖို့ လိုပါသေးတယ်။

ဇော်ဂျီဖောင့်သွင်းချင်ရင်တော့ အွန်လိုင်းကနေ ဖောင့်ကို ဒေါင်းလုပ်ဆွဲပြီး /usr/share/fonts folder အောက်ကို ရွှေ့ထားလိုက်ပါ။ permission မရှိရင် sudo command သုံးဖို့လိုပါတယ်။

sudo mv <<zawgyi-font>> /usr/share/fonts

Browser မှာ font setting ကို Zawgyi One ပေးလိုက်ရင် အွန်လိုင်းပေါ်က မြန်မာစာ content အများစုကို မြင်ရပါပြီ။

ဇော်ဂျီကီးဘုတ် သွင်းချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ချလိုက်ပါ။ ပြီးရင် ဒေါင်းလုပ်ချထားတဲ့ directory ကို သွားလိုက်ပါ။ terminal မှာ အောက်က command ကို run လိုက်ပါ။

tar -xvf zawgyi-keyboard-0.3.2.tar.gz

ဒါဆိုရင် current directory အောက်မှာ zawgyi keyboard ကို extract လုပ်လိုက်ပါပြီ။ ပြီးရင် အောက်က command ကို run လိုက်ပါ။

cd zawgyi
sudo python -i zawgyi_keyboard.py

ခဏကြာရင် terminal မှာ instruction တောင်းပါလိမ့်မယ်။ i key ကို နှိပ်လိုက်ပါ။ installation ပြိးသွားရင် Cltr+D နဲ့ ထွက်လိုက်ပါ။ ဒါဆိုရင်တော့ zawgyi keyboard ကို install လုပ်ပြီးသွားပါပြီ။ ဒါပေမယ့် keyboard setting တွေပြင်ရပါဦးမယ်။

System Setting >> Keyboard Layout ကို ရွေးလိုက်ပါ။ အောက်က အတိုင်းမြင်ရပါလိမ့်မယ်။

add_keyboard

ဘယ်ဘက် အောက်ဒေါင့်က + sign ကို နှိပ်ပြီး Burmese keyboard ထပ်ထည့်ပါ။

add_burmese

ပြီးရင် option ကို နှိပ်ပြီး Key(s) to change layout မှာ ကြိုက်နှစ်သက်ရာကို ရွေးလိုက်ပါ။

option

add_keys

Text Editor ဖွင့်ပြီး စမ်းကြည့်နိုင်ပါတယ်။ ပုံမှန်ရိုက်နေကျ layout နဲ့တော့ အနည်းငယ်ကွဲပြားမှုရှိပါတယ်။ ဒါပေမယ့် အနည်းငယ်ပါပဲ။

Rounding Corners With CSS3 : border-radius.

Web Design မှာ navigation bar မှာပဲ ဖြစ်ဖြစ်  content area မှာပဲ ဖြစ်ဖြစ် block တွေရဲ့ corner တွေကို လေးထောင့်ကျကျထားတာထက် နည်းနည်းလေး ဝိုင်းထားတာက ကြည့်ရတာ ကျွန်တော်အမြင်မှာ ပိုပြီး အဆင်ပြေတယ်လို့ ထင်တယ်။ အရင် css version တွေ တုန်းက nested div တွေသုံးရတယ်။ ဒေါင့်အဝိုင်းလေးတွေကိုလည်း ၄ခုလောက်ဖြတ်ထားရပါတယ်။ ဒါကိုမှ div tag ထဲမှာ nested လုပ်ပြီး ထည့်ရပါတယ်။ အဆင့်တွေပိုများသလို ပိုလည်း ရှုပ်ပါတယ်။

CSS3 မှာ border-radius property က ဒါတွေကို ကူညီပေးပါလိမ့်မယ်။ အဲဒီ property တစ်ခုတည်းနဲ့ အဆင်ပြေသွားပါတယ်။

CSS 3 မှာ border-radius ၄မျိုးရေးလို့ရပါတယ်။

  1. border-top-left-radius
  2. border-top-right-radius
  3. border-bottom-left-radius
  4. border-bottom-right-radius

တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို border-radius ထဲမှာလည်း အားလုံးပေါင်းရေးလိုက်လို့ရပါတယ်။ ဒါဆို example တွေ လုပ်ကြည့်ရအောင်။

Continue reading