Guidline For Learning Spring Framework

၂ဝ၁၃ က ကျွန်တော့်အတွက် ကံကောင်းတဲ့ နှစ်လို့ပြောလို့၇ပါတယ်။ စင်ကာပူမှာ ကျောင်းတက်ခွင့်၇သလို စိတ်တူကိုယ်တူ သူငယ်ချင်းအသစ်တွေ လည်း၇လိုက်တယ်။ အစက ကျောင်းက သင်၇ိုးကို သိပ်မကြှိုက်လှဘူး။ platform တွေ အစုံသင်ပေမယ့် project တွေကို သူတို့ ခိုင်းတဲ့ .Net platform ပေါင်္မှာပဲေ၇း၇တာ.. နောက် course တစ်ဝက်ပြီးလို့ internship ဆင်းတော့လည်း မလုပ်ချင်တဲ့ project နဲ့ platform ပေါ်မှာပဲ လုပ်၇တယ်။ ပထမတော့ စိတ်ပျက်တာပေါ့.နောက်တော့လည်း တဖြေးဖြေးနဲ့ အဆင်ပြေလာတာပါပဲ။ .Net platform ကို ဒီကျောင်းမှ စသင်ဖူးပေမယ့် Java အခြေခံ၇ှိတော့ သင်၇တာနဲ့ လေ့လာ၇တာတော့ သိပ်အခက်အခဲ မ၇ှိဘူး။ ၇ုံးမှာလုပ်တော့လည်း google မှာ ၇ှာလိုက် forum တွေမှာ မေးလိုက်နဲ့ သိပ် အခက်အခဲ ကြီးကြီးမားမား မ၇ှီဘူး။ေ၇းနေ၇င်းနဲ့လည်း Java မှာဆို ဘယ်လို လွယ်အောင် လုပ်လို့ ၇တယ်လို့ တွေးမိတိုင်း ကိုယ်ေ၇ာက်နေတဲ့ အခြေအနေကို အားမ၇ဘူး။ အလုပ်ကလည်း သိပ်ပြီး stress မ၇ှိဘူး.. နောက်ပိုင်း အလုပ်ပါးလာတဲ့ အချိန်မှာ ၇ုံးမှာ Spring framework ဆက်လေ့လာဖြစ်တယ်။ Spring နဲ့ project လုပ်ကြည့်တော့လည်း တချို့အပိုင်းတွေက Asp.net မှာဆို  လွယ်လွယ်နဲ့၇တယ်လို့ တွေးမိပြန်ေ၇ာ။

တကယ်တော့ platform နှစ်ခုကို သေသေချာချာ မလေ့လာပဲ နှိုင်းယှဉ်လို့မ၇ဘူး။ သူ့အားသာချက် အားနည်းချက်တွေ ကိုယ်ဆီ၇ှိကြတယ်။ နှစ်ခုလုံးကို သေချာ လုပ်ကြည့်မှ သိလာတာ။ ဒါပေမယ့် ASP.NET ကို သိပ်မကြိုက်ဘူး.. flexible မဖြစ်ဘူးလို့ ခံစား၇တယ်။ ပြီးတော့ Web development platform နဲ့ မတူပဲ သူ့ architecture က ကွဲထွက်နေတယ်။ Web ၇ဲ့ request, response nature ကို သိစ၇ာမလိုသလိုဖြစ်နေတယ်။ ပြော၇၇င် web development လုပ်နေတယ်လို့ မထင်၇ဘူး။ desktop app တစ်ခုေ၇းနေ၇သလိုပဲ။ ဒါကြောင့် Microsoft က MVC ထပ်ထွင်ထားတာ။ ASP.NET MVC ကိုတော့ မလေ့လာဖူးတော့ မဝေဖန်တတ်ဘူး။  Web development က MVC design pattern နဲ့သာ အသင့်တော်ဆုံးလို့ပဲထင်တယ်။ Java မှာလည်း Component Framework ဖြစ်တဲ့ JSF ကလည်း ASP.NET နဲ့တူတယ်။ Controller ၇ဲ့ အခန်း ပျောက်နေပြိးတော့  concern တွေကို ဘယ်လို ခွဲထုတ်၇မှန်းမသိဘူး။ ဒါကြောင့် Spring Framework ကိုပဲ ဆက်လေ့လာဖြစ်တယ်။

Spring Framework ကလေ့လာ၇တယ်လည်း လွယ်တယ်။ Framework ကိုယ်တိုင်ကလည်း lightweight ဖြစ်ပေမယ့် သူ့မှာ module တွေ အများကြီးနဲ့ ဖွဲ့စည်းထားတာ။ အဲလို modular ဖြစ်တဲ့ သူ၇ဲ့  architecture ကပဲ အားသာချက်ဖြစ်နေတယ် ထင်တယ်။ ကိုယ်လိုတဲ့ module ကို ယူသုံး၇ုံပဲ။ Enterprise application framework ဖြစ်ပေမယ့် သူ၇ဲ့ တချို့ module တွေက web development မှာပဲ သုံး၇မယ်လို့ မဆိုလိုဘူး။ ဥပမာ Spring Security နဲ့ Spring Data လို module တွေက standalone app တွေမှာလည်း သုံးလို့၇တယ်။ တစ်ခု စိတ်ပျက်စ၇ာကောင်းတာက XML Configuration file တွေ အများကြီးလိုတာပဲ။ Programatically လည်း  configure လုပ်လို့တော့ ၇ပါတယ်။ ဒါပေမယ့် xml configuration က နည်းနည်းတော့ လက်ဝင်ပေမယ့် follow လုပ်စ၇ာ  guide line ၇ှိ၇င် လွယ်တယ်။

Java နဲ့ Web Application တစ်ခုေ၇းဖို့  Spring Framework ကို စလေ့လာမယ်ဆို၇င် သိပ်များများစားစား လေ့လာစ၇ာမလိုဘူး။ Java Annotation ဆိုတာဘာလဲ.. Dependencies Injection အကြောင်းကို နည်းနည်း သိ၇င်  Controller တွေ ဘယ်လို အလုပ်လုပ်လည်း သိ၇င် စပြီးေ၇းလို့၇တယ်။ Client request ကို  server က response ပြန်လိုက်သည်အထိ ကြားထဲမှာ ဘယ်လို အဆင့်အဆင့် အလုပ်လုပ်သွားလည်း ဆိုတဲ့ သူ့၇ဲ့ life cycle သိဖို့တော့ လိုတာပေါ့။  ကျန်တာေ၇း၇င်းနဲ့ လေ့လာသွားလို့၇တယ်။ Tutorial site တွေကနေ demo ကြည့်ပြီးေ၇းလို့တော့ ၇ပေမယ့်  framework အကြောင်းကို  detail သိချင်၇င်တော့ စာအုပ် တစ်အုပ်တော့ ၇ှိထားသင့်တယ်။ စာအုပ်ဖတ်ချင်၇င်တော့  Spring in Action 3rd edition ကို ညွန်းချင်တယ်။ ဒါပေမယ့် စာအုပ်မဖတ်ခင်  online က tutorial တွေကို အ၇င် ဖတ်ပြီး framework ကို တီးမိခေါက်မိ ဖြစ်အောင် လုပ်သင့်တယ်။ စာအုပ်ကို တန်းဖတ်၇င် သူက demonstration နည်းပြီး  theory တွေ များများ ပြောတော့ နားမလည်ပဲ ဖြစ်နိုင်တယ်။ online tutorials တွေကလည်း demo လုပ်ပြ တာပဲ များပြီး သေချာ အသေစိတ်၇ှင်းပြတာ မ၇ှိဘူး။ ဒါကြောင့် tutorial ဖတ်ပြီး သက်ဆိုင်တဲ့ topic ကို စာအုပ်မှာ ပြန်၇ှာဖတ်၇င် နားလည်၇ လွယ်တယ်။ ဒါပေမယ့်လည်း စာချည်း ဖတ်နေလို့လည်း ၇မှာမဟုတ်ဘူး။ လက်တွေလုပ်ကြည့်မှေ၇းတတ်လာမှာ။ ဒါကြောင့် အထက်က ပြောခဲ့တာတွေ သိပြီဆို၇င် project စေ၇းကြည့်ပြီး လေ့လာကြည့်ပေါ့။ အခက်အခဲကတော့ ၇ှိမှာပါပဲ။ အခက်အခဲတွေ ကို ဖြေ၇ှင်း၇င်းနဲ့မှ တဖြည်းဖြည်း သင်ယူ၇တာပါပဲ programming ဆိုတာ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: