Simple Static Site Hosting

တနေ့က twitter သုံးနေရင်း user တယောက်က getforge.com ဆိုတဲ့ static hosting site တစ်ခုအကြောင်းကို tweet ထားတယ်။ ဒါနဲ့ အဲ site ကို သွားကြည့်တော့ တော်တော်လေး စိတ်ဝင်စားသွားတယ်။ UX နဲ့ UI ကလည်း တော်တော်လေး simple ဖြစ်တယ်။ Free account ဆိုရင်တော့ site တစ်ခုပဲ host လုပ်လို့ရတယ်။ ကိုယ့်ရဲ့ site ကို zip လုပ်ပြီး upload လုပ်လိုက်ရုံပဲ။ Configuration တွေကို သူဘာသာ manage လုပ်သွားတယ်။ jquery လို library တွေကိုလည်း cdn နဲ့ ထည့်သွားတယ်။ ပြီးတော့ version တွေပါ control လုပ်ပေးတယ်။ ကိုယ်လိုချင်တဲ့ version ကို deploy လုပ်ရုံပဲ။ site ရဲ့ bandwidth usage တွေလည်း ကြည့်လို့ရတယ်။ သူရေးထားတာကတော့ usage ပေါ်မှာ မူတည်ပြီး bill လုပ်မယ်လို့ရေးထားတယ်။ ဒါပေမယ့် register လုပ်တော့ billing information တွေလည်း မတောင်းဘူး။ bandwidth ဘယ်လောက်ထိ free ရတယ်ဆိုတာလည်း မရေးထားဘူး။ အဲဒီ အပိုင်းကိုတော့ သိပ်မရှင်းဘူး။ နောက် ကျွန်တော်မကြိုက်တာက built-in editor မပါဘူး။ zip file ရဲ့ content တွေကို ကြည့်လို့ပဲရတယ်။ ဘာမှ လုပ်လို့မရဘူး။ ပြင်လို့လည်း မရဘူး။ ဖျက်လို့လည်း မရဘူး။ ပြင်စရာရှိရင် ကိုယ့်စက်မှာပြင်၊၊ ပြီးရင် အသစ်ပြန်တင်ပဲ။

Host လုပ်မယ်ဆိုရင်တော့ သတိထားစရာလေးတွေ ရှိတယ်။ ကိုယ့် site ရဲ့ default/home page ကို index.html လိုပဲ ပေးလို့ရတယ်။ တခြားနာမည် ပေးထားရင် မသိတော့ဘူး။ နောက်ပြီး image url ကို html ထဲမှာပေးလို့မရဘူး။ css နဲ့မှ ပုံပေါ်တယ်။ image တွေအတွက် recommend လုပ်တဲ့ folder structure ကိုလည်း အဲ site မှာ ရေးမထားဘူး။ ကျွန်တော်ကတော့ image url ကို css နဲ့ ပေးလိုက်တယ်။ နည်းလမ်းတွေ ရှိမှာပါ။ ကျွန်တော် မသိလို့ ဖြစ်ပါလိမ့်မယ်။

Summary အနေနဲ့ ပြောရမယ်ဆိုရင်တော့  တော်တော်ကို အသုံးဝင်တဲ့ site လို့ပြောလို့ရတယ်။ backend support မလိုတဲ့ html5 app တွေ တင်လို့ရတယ်။ တစ်ခုတည်း လုပ်စရာ လိုတာက ကိုယ့်site zip လုပ်ပြီး တင်လိုက်ရံပဲ။ စမ်းကြည့်ချင်ရင် ဒီလင့်ခ် မှာ သွားစမ်းလို့ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: