Jquery ToDo List App

အရင်နေ့တွေတုန်းက JavaScript MVC comparison တွေ အကြောင်းလိုက်ရှာဖတ်နေရင်းနဲ့ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကို ToDo List apps တွေ ရေးပြီး နှိုင်းယှဉ်ပြထားတဲ့ website တစ်ခု သွားတွေ့မိတယ်။ ဒါနဲ့ အကြံရပြီး သူတို့လို ToDo list app တစ်ခုရေးကြည့်မယ်ဆိုပြီး စိတ်ကူးရမိတယ်။ Javascript နဲ့ Jquery ကို လေ့လာနေရင်း ဘာ app ရေးကြည့်ရင် ကောင်းမလဲ လို့ စဉ်းစားနေတဲ့ အချိန်မှာ idea ရသွားခဲ့တာ။ ဒါနဲ့ Pure Javascript ပဲ သုံးမလား  Jquery ကိုပဲ သုံးမလားဆိုပြီး ကိုယ့်ကိုယ် ကို ပြန်ပြီး မေးခွန်းထုတ်နေတာနဲ့ပဲ အချိန်တော်တော် ကုန်သွားတယ်။ ဒါပေမယ့် နောက်ပိုင်း jQuery နဲ့ပဲ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ToDo list app တစ်ခုက အဓိကက DOM ကို ကိုင်တွယ်ဖြေရှင်းနိုင်ရင် အဆင်ပြေသွားပြီ။ ကိုယ်ကိုတိုင်ကလည်း DOM api တွေ မေ့သလောက်ရှိနေပြီ နောက်ပြီး jQuery ကိုလည်း အသုံးချကြည့်ချင်တာနဲ့ jquery နဲ့ပဲ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။

ToDo list အတွက် HTML markup တွေ ဘာသုံးရမလဲဆို ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစား စရာ မလိုပါဘူး။ Unorder list (ul) က သာ အသင့်တော်ဆုံးပါ။ task တစ်ခုချင်းစီ  ကို li နဲ့ ကိုယ်စားပြုလိုက်တာပါပဲ။ li ကို task wrapper တစ်ခု အနေနဲ့ ထားလိုက်တယ်ဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ (တကယ်တော့ task ထဲမှာ mark လုပ်ဖို့ checkbox ရယ်  delete button ရယ် ပါပါသေးတယ်။) UI design ချပြီးသွားတော့ firefox နဲ့ chrome ပေါ်မှာ run ကြည့်လိုက်တော့ rendering က အဆင်ပြေပြေ ပေါ်လာတာ တွေ့ရတယ်။ နောက်နေဲ့ ရုံးကစက်က IE ပေါ်မှာ စမ်းလိုက်တော့လည်း အဆင်ပြေတယ်။ ဒါနဲ့ web design နဲ့ ပတ်သတ်ပြီး တိုးတက်လာတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်။ (အများကြီးတော့ မဟုတ်ဘူး၊ အရင်က အတော်ပိန်းတာ :D) ဘယ် HTML markup တွေ ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲ ဆိုတာ နည်းနည်း သဘောပေါက်လာတယ်။ ဒီလိုပဲ CSS property တွေ ဥပမာ position ကို ဘယ်လိုသုံးရမလဲဆိုတာ တော်တော်လေး သဘောပေါက်သွားတယ်။

Web development နဲ့ ပတ်သတ်ရင် client side ကော server side ကော နှစ်ခုစလုံးကို စိတ်ဝင်စားတယ်။ web application developer တယောက်လုပ်မယ်ဆိုရင် client side technology မသိလည်း ဖြစ်တယ်လို့ ယူဆလို့ရပေမယ့် web developer လုပ်မယ်ဆိုရင်တော့ မသိမဖြစ် သိသင့်တယ်လို့ထင်တယ်။ ကျောင်းမှာ တချို့ သူငယ်ချင်းတွေ server side ကို ကောင်းကောင်းကြီး ရပေမယ့် client side ဘ်ာကျရင် သိပ်မကျွမ်းကျင်ဘူး။ ပိုဆိုးတာက html/css တွေ အခြေခံတွေကိုတောင် မသိတာပါ။ အထူးသဖြင့် framework တွေ ဥပမာ ASP.NET web form ကို based လုပ်တဲ့ developer တော်တော်များများက မသိလည်း ဖြစ်တာကိုး။ ဒါပေမယ့် သူတို့က server side ဘက်မှကျတော့ ကျွမ်းကျင်သွားပြန်ကော။ ကျွန်တော်သာ ဟိုမရောက် ဒီမရောက်ဖြစ်နေတာ။ ထားပါတော့ ToDo list ဘက်ကို ပြန်ဆက်ရအောင်။

တကယ် development လုပ်တော့ ကိုယ်သိထားတယ်လို့ထင်ရတာတွေက မမျှော်လင့်တဲ့ bugs တွေ error တွေ တက်လာပြန်ရော။ ထုံးစံအတိုင်း Google ကိုပဲ အားကိုးရတာပဲ။ ပထမဆုံး bugs ကတော့ dynamically create လုပ်လိုက်တဲ့ element တွေ ရဲ့ click event တွေ အလုပ်မလုပ်တာပါ။

$(elementId).click(function(){…})

dynamically create လုပ်ထားတဲ့ element တွေရဲ့ click event ကို click method နဲ့ ရေးရင် အလုပ်မလုပ်ပါဘူး။ Stackoverflow မှာ တော့ on method သုံးဖို့ပြောထားတယ်။

$(‘ul’).on(‘click’,’button’,function(){..})

အပေါ်ကအတိုင်ရေးလိုက်မှာ click event ကို ဖမ်းလို့ရသွားတယ်။ နောက်တစ်ခုက ကျွန်တော့်အတွက် တော်တော်ကို ထူးဆန်းတယ်။ Task title ကို label နဲ့ ကိုယ်စားပြုထားတယ်။ label ကို jquery နဲ့ dynamically create လုပ်ပြီ double click event ၀င်ရင် contenteditable ကို true ပေးလိုက်တယ်။ task ကို edit လုပ်လို့ရအောင်လို့ပါ။ ပြသနာက focusout event ကို ဖမ်းလို့မရတာပါ။ foucsout တင်မဟုတ်ဘူး blur event ပါ ဖမ်းလို့မရတာ။အဲဒီမှာ တော်တော် အချိန်ကြာသွားတယ်။ ဒါနဲ့ စိတ်မရှည်တာနဲ့ label နေရာမှာ span ပြောင်းရေးလိုက်တော့မှ focusout event ကို ဖမ်းလို့ရသွားတယ်။ ကျွန်တော်ကိုယ်တိုင်းလည်း ဘာလို့မှန်းမသိဘူး။ Google မှလည်း ရှာလို့လည်းမတွေ့ဘူး။ ကျွန်တော်ရှာတဲ့ keyword ပဲ မှားနေလို့လားမသိဘူး။ အကြောင်းရင်းသိရင် ပြောပြကြပါဦး။

နောက်တစ်ခုက ကျွန်တော့်အတွက် မှတ်မှတ်သားသားပါပဲ။ ကျွန်တော် အရင်တုန်းက ထင်တာက chrome မှာ အဆင်ပြေရင် firefox မှာ အဆင်ပြေတယ်လို့ ပုံသေမှတ်ထားတာ။ ဒါနဲ့ firefox မှာ run လိုက်တော့ ပြသနာတစ်ခု ထပ်တွေ့ရော။ ကျွန်တော့် todo list app က task တွေပေါ်ကို hover လုပ်လိုက်ရင် ညာဘက်မှာ delete button ပေါ်လာတာပါ။ ဒါပေမယ့် firefox မှာ ပေါ်မလာဘူး။ ပထမက အောက်က အတိုင်းရေးထားတာပါ။

$(‘ul’).on(‘mouseover’,’li’,function(){…});
$(‘ul’).on(‘mouseout’,’li’,function(){…});

ဒါနဲ့ အောက်က အတိုင်းပြောင်းရေးလိုက်တော့မှ ရသွားတယ်။

$(‘ul’).on(‘mouseenter’,’li’,function(){…});
$(‘ul’).on(‘mouseleave’,’li’,function(){…});

ကျွန်တော့်အတွက် ဒီapp ကနေ အတွေ့အကြုံ တော်တော်ရလိုက်တယ်။ jquery selector တွေကို နားလည်သွားသလို event method တွေကိုလည်း နားလည်သွားတယ်။ အသစ်တစ်ခုကို လေ့လာရင် စာဖတ်နေရုံနဲ့မပြီးဆိုတာ သိသွားတယ်။ လက်တွေ့အသုံချကြည့်မှ သူ့ရဲ့ အသုံးပြုပုံကို ရင်းနှီးသွားတာ။

ကျွန်တော့် app ကို ဒီမှာ သွားစမ်းနိုင်ပါတယ်။ ဘာမှ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ static app ပါပဲ။ စမ်းရင်းနဲ့ bugs တွေ တွေ့ရင်လည်း report လုပ်ပေးပါဦး။ နောက်မှ localStorage feature တစ်ခု ထပ်ထည့်ကြည့်ပါဦးမယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: