Learning Javascript : Variables Scope

ကျွန်တော် JavaScritp ကို စလေ့လာတုန်းက variable scope နဲ့ data type နဲ့ ပတ်သက်တဲ့ အခန်းတွေကို ကျော်ဖတ်ခဲ့တယ်။ နော်ကမှ သေချာ သိတာက Variable scope က ကျွန်တော်တိုံ ပုံမှန်လေ့လာနေကျ OOP language တွေ အထူးသဖြင့် Java, C# တို့နဲ့ မတူဘူးဆိုတာပါ။ Javascript မှာ block-level scope မရှိဘူး။ Java, C# တို့နဲ့ မတူတာက သူ့မှာ global scope concept ရှိတယ်။  var keyword မပါတဲ့ variable တွေက global scope ထဲ ပါသွားတာပါ။


var name="foo";

function sayName(){
     var name="boo"
     console.log(name);
}

sayName();
console.log(name);

boo
foo

ဒါကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ၊ function sayName() ထဲမှာ ရျိတဲ့ local variable name က global variable name ကို hide လုပ်သွားတာပါ။ သူတို့ နှစ်ခုက မတူညီတဲ့ variable နှစ်ခုပါ။ local variable name ကို function အပြင်ဘက်ကနေ access လုပ်လို့မရပါဘူး။


var name="foo";

function sayName(){
name="boo";
console.log(name);
}

sayName();
console.log(name);


boo

boo

အပေါ်က script က function sayName() ထဲက name က global scope ထဲက name ပါ။ override လုပ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် output အနေနဲ့ တူညီတဲ့ result ကိုပဲ မြင်နေရတာပါ။


var name="foo";

function sayName(){
name="boo";
age=25;
console.log(name);
}

sayName();
console.log(age);

Output

boo
25

Javascript မှာ variable တစ်ခုကြေညာရင် var keyword မဖြစ်မနေ ထည့်စရာမလိုပါဘူး။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပါပဲ variable တစ်ခုဟာ var keyword မပါရင် global scope မှာ ပါပါတယ်။ သူ့တို့ကို ဘယ်နေရာက access လုပ်လုပ် လုပ်လို့ရပါတယ်။ window object က global scope object တစ်ခုဖြစ်ပါတယ်။ အောက်က script ကို ကြည့်ရအောင်။

</pre>
var name="foo";

function sayName(){
name="boo";
age=25;
console.log(name);
}

window.sayName();
console.log(window.name);
console.log(window.age);
<pre>

             Output

<pre>boo
boo
25</pre>

global scope variables  တွေက window object ရဲ့ property အနေနဲ့ attach လုပ်သွားတာပါ။ ဒါကြောင့်မလို့ window object ကနေ တဆင့် ပြန်ခေါ်သုံးလို့ရတာပါ။

အောက်က script ကို run လိုက်ရင် အဖြေက အားလုံးသိပြီးသားဖြစ်မှာပါ။ Output က  “abc” ဆိုပြီးထွက်လာမှာပါ။


var test=function(){

 var a='a';
 var b='b';
 var c='c';
 console.log(a+''+b+''+c);
};

test();

ဒါဆိုရင် အောက်က script ကို run ကြည့်ပါဦး။


var test=function(){
console.log(a+''+b+''+c);
var a='a';
var b='b';
var c='c';

};

test();

output က “undefinedundefinedundefined” ဆိုပြီး မြင်ရပါလိမ့်မယ်။

Hoisting

Javascript မှာ variables တွေကို လက်ရှိ scope ရဲ့ အပေါ်ကို ဆွဲတင်လိုက်တာကို hoisting လုပ်တယ်လို့ခေါ်ပါတယ်။ အထက်က script ကို Javascript က အောက်ပါအတိုင်း translate လုပ်သွားပါတယ်။


var test=function(){
var a;
var b;
var c;

console.log(a+''+b+''+c);

a='a';
b='b';
c='c';

};

test();

တစ်ခု သတိထားရမှာက Javascript က variable declaration ကိုပဲ hoist လုပ်သွားတာပါ။ initialization မပါ ပါဘူး။

Javascript က function declaration တွေကိုလည်း hoist လုပ်ပါတယ်။


say()
function say(){
 console.log('say');
}

အထက်က script ကို run လိုက်ရင် ‘say’ ဆိုတဲ့ output ရပါလိမ့်မယ်။ ဒါပေမယ့် variable တစ်ခုထဲ့ assign လုပ်သွားတဲ့ function တွေဆို hoist မလုပ်ပါဘူး။


say();

var say=function(){

console.log('say');

}

အပေါ်က script ကို run လိုက်ရင် exception တက်ပါလိမ့်မယ်။ Javascript က variable declaration ကိုပဲ hoisted လုပ်တာပါ။ function initialization ကို hoist မလုပ်ပါဘူး။

Hoisting က Javascript မှာ သိသင့်တဲ့ concept တစ်ခုဖြစ်ပါတယ်။ မဟုတ်ရင် မထင်မှတ်တဲ့ bugs တွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ variable declaration တွေကို scope ရဲ့ အစမှာ ကြေညာတာအကောင်းဆုံးပါပဲ။

ဒါကတော့ ကျွန်တော် လေ့လာမိသလောက် Javascript hoisting နဲ့ variable scope အကြောင်းပါ။ မှားနေတာတွေ မပြည့်စုံတာတွေ ရှိရင် ထောက်ပြကြပါဦး။ ကျေးဇူးတင်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: